မိန်းမများအကြောင်း သိကောင်းစရာ ၈ ချက်
~~~~~~~~~~~~~~~~~~~~~~~
၁.
ငွေနဲ့ပတိသက်လာရင် မိန်းမတွေက စေ့စပ်သေချာပြီး ကပ်စေးနဲတတ်ကြတယ်။
၂ .
မိန်းမတွေက စေ့စပ်သေချာပြီး ကပ်စေးနဲတတ်ကြတယ်ဆိုပေမဲ့ တန်ဖိုးကြီး အဝတ်အစားတွေ ဝယ်ဖို့ကျ လက်မနှေးကြ။
၃.
တန်ဖိုးကြီး အဝတ်အစားတွေ ဝယ်ဖို့ကျ လက်မနှေးကြပေမဲ့ သူတို့ဆီမှာ တစ်နေရာရာ သွားခါနီး ဝတ်စရာ ရှိတယ်ကို မရှိဘူး။
၄.
ဝတ်စရာသာ မရှိဘူးဆိုတယ် လှတပတ ဖြစ်အောင်တော့ အတော် ဝတ်တတ်စားတတ်ကြသား။
၅. ဘယ်လောက်ပဲ လှအောင် ဝတ်ရဝတ်ရ သူတို့ကိုယ်သူတို့/ သူတို့အလှကို သူတို့ ကျေနပ်နိုင်အားရတယ်ကို မရှိပြန်ဘူး။
၆.
သူတို့အလှကို သူတို့ ကျေနပ်တယ်သာ မရှိတာ။ ယောက်ကျားတွေ ငမ်းတာ/ လှပကြောင်း ချီူမွမ်းတာကိုကျ ခံချင်ပြန်ရော။
၇.
ယောက်ကျားတွေ ငမ်းတာ/ လှပကြောင်း ချီူမွမ်းတာကိုသာ ခံချင်တာ။ တကယ်ငမ်း တကယ်ချီးမွမ်းတော့ မယုံချင်ကြပြန်။
၈.
ယောက်ကျားတွေအပေါ် မယုံမဲ့သာ မယုံတာ။ မျက်စိမှိတ် ပုံအပ်ဖို့ကျ ဝန်မလေးကြပြန်ဘူး။
မဟာကဝိ ပညာရှိ အက္ကပို
No comments:
Post a Comment