Popular Posts

Monday, May 23, 2022

ဒါမျိုးတော့လာမလုပ်နဲ့

 


အက္ကပိုတစ်ယောက် ဇာတာစန်းလဂ်တက်နေပြီနဲ့တူပါတယ်။ ၁၀၀ တန်ထီလက်မှတ်တစ်စောင် ထိုးခဲ့တာ သန်း၂၀ ဆု ပေါက်သွားပါတယ်။ အက္ကပိုဟာ ဝမ်းသာအားရ ချက်ချင်းပဲ ငွေသွားထုတ်ပါတော့တယ်။ ငွေထုတ်ပေးတဲ့စာရေးက ထီလက်မှတ်ကို စစ်ဆေးတယ်။ ပြီးတော့ ရှင်းပြတယ်။
" ဆရာ့ ထီလက်မှတ်က မှန်ကန်ပါတယ်။ ဒါပေမာ့် ငွေက ထုတ်လို့ မရသေးဘူး ။ စည်းကမ်းအတိုင်း ၇ရက် ပြည့်မှ ထုတ်ပေးရမှာပါ။ ဒါပေမယ့် ဆရာအဆင်ပြေသွားအောင် ကျွန်တော်တို့ရုံးခွဲမှာ ရှိတဲ့ လက်ကျန်ငွေ ၅ သန်းကို ထုတ်ပေးလိုက်မယ်။ ကျန်တဲ့ ၁၅ သန်းကို နောက်၇ရက်ပြည့်မှ လာထုတ်ပါ။

" မရဘူး... ဟေ့ကောင်...။ ငါ့ပိုက်ဆံ သန်း၂၀ အပြည့်အဝ တစ်ခါတည်း လိုချင်တယ်။

" ဆရာ့ပိုက်ဆံ ရရပါစေမယ်။ အဲဒီနေ့သာ ပြန်လာခဲ့ပါ။ "

မင်း ငါ့ကို နှပ်ချလို့မရဘူးကွ။ သိလား။ အက္ကပိုတဲ့ တစ်ပိုတည်းရှိတယ်။ စောစောက သိရင် မင်းတို့ ထီ ထိုးကိုမထိုးဘူး။ အခုလည်း မထိုးတော့ဘူး။ ငါ့ထီလက်မှတ်ဖိုး ၁၀၀ ခုချက်ချင်း ပြန်လျော်ပေး "

No comments:

Post a Comment

သိပ္ပံ

အက္ကပို တစ်ယောက် ဒီနေ့ သိပ္ပံဘာသာရပ်ဖြေနေသည်။  ဒီနှစ်‌တော့ ဘယ်လို ဖြေမယ်မသိ။ မနှစ်က သိပ္ပံဘာသာရပ် စာမေးပွဲ မှာ အက္ကပို ဖြေခဲ့ပုံမှာ ____ ...