ဝိတ်ချနည်းအသစ်
------------------
အက္ကပို အခုတလော ဝိတ်တွေတက်လာလို့ စိတ်အတော်ညစ်နေပါတယ်။ တစ်ပတ်ကို အနည်းဆုံး 5kg ဝိတ်ကျအောင် လုပ်ပေးမယ်ဆိုတဲ့ ကြော်ငြာတစ်ခုကို သတင်းစာထဲမှာ တွေ့နော့ ဖုန်းဆက်ပြီး စာရင်းသွင်းလိုက်တယ်။ ဖုန်းထဲက အမျိုးသမီးက နောက်တနေ့ မနက် ၆ နာရီ လာခဲ့ဖို့ ပြောတယ်။
အက္ကပိုလည်း နောက်တနေ့ ဝိတ်ချခန်းဆီကို ချိန်းထားတဲ့အချိန် အမှီ ရောက်သွားတယ်။ လက်ခံကြိုဆိုတဲ့ မိန်းကလေးက သူတို့ ဝိတ်ချခန်းရဲ့ အစီအစဉ်တွေကိုရှင်းပြတယ်။
" ကျွန်မတို့ဆီမှာ တပတ် 5kg ဝိတ်ချနည်း၊ တစ်ပတ် 10kg ဝိတ်ချနည်း၊ တစ်ပတ် 20kg ဝိတ်ချနည်း ဆိုပြီး သုံးမျိုး ရှိတယ်။ ရှင်က အခုမှ စမှာဆိုတော့ 5kg နည်းကို သုံးဖို့ အကြံပေးချင်တယ် "
အက္ကပို ကလည်း သဘောတူလိုက်တယ်။ မှတ်ပုံတင်းခြင်း၊ ငွေသွင်းခြင်း ကိစ္စတွေ ပြီးစီးတဲ့အခါ အက္ကပို ကို အခန်းတစ်ခန်းထဲ ထည့်သွင်းပြီ တံခါးပိတ်လိုက်တယ်။ အခန်းထဲမှာ ရှပ်အကျီနဲ့ အတွင်းခံ ဘောင်းဘီလောက်သာဝတ်ထားတဲ့ အတော်ဖြောင့်တဲ့ ကောင်မလေး တစ်ယောက်ရှိနေပြီး သူမက အက္ကပိုကို ပြောတယ်။
" ရှင် ကျွန်မကို မိအောင် ဖမ်းနိုင်ရင် ကျွန်မကို ပြုလိုရာ ပြုလို့ရပြီ "
အဲသည်လို ပြောပြီး ကောင်မလေးက ထွက်ပြေးတယ်။ အက္ကပိုကလည်း လိုက်ဖမ်းတယ်။ ဒါပေမယ့် လုံးဝမမိဘူး။ တပတ်လုံးသာ ကုန်သွားတယ် ။ ကောင်မလေးကို တစ်ခါမှ မမိလိုက်ဘူး။ ဒါပေမယ့် ဝိတ်ကတော့ 5kg ကျသွားတယ်။
တစ်ပတ်ပြည့်သွားချိန်မှာ အက္ကပိုက 10kg နည်းကို ပြောင်းပေးဖို့ပြောတယ်။ ဒီအခါမှာတော့ ပထမ ကောင်မလေးထက် ပိုလန်းတဲ့ တစ်ယောက်နဲ့ တွေ့ရတယ်။ နောက်ပြီး ဘီကီနီလေးပဲ ဝတ်ထားတယ်။ ကောင်မလေးက ပြောတယ်။
" ရှင် ကျွန်မကို မိအောင် ဖမ်းနိုင်ရင် ကျွန်မကို ပြုလိုရာ ပြုလို့ရပြီ "
ဒုတိယ အပတ် ကုန်သွားတယ်။ အက္ကပိုဟာ ကောင်မလေးကို တခါမှ ဖမ်းမမိလိုက်ဘူး။ ဒါပေမယ့် ဝိတ်ကတော့ 10kg ကျသွားတယ်။ အက္ကပိုဟာ ဒီဝိတ်ချနည်းကို အတော် သဘောကျနေပြီဖြစ်တာကြောင့် တတိယအပတ်မှာ
20.kg နည်းကို ပြောင်းပေးဖို့ပြောတယ်။ တာဝန်ခံ အမျိုးသမီးက ရှင် သေချာရဲ့လားလို့ မေးတဲ့အခါ အက္ကပိုကဘသေချာပါတယ် လို့ ပြန်ပြောလိုက်တယ်။ သူ့စိတ်ကူးထဲမှာ တော့ အဝတ်အစား မပါတဲ့ ကောင်မလေးတစ်ယောက်ယောက်နဲ့ တွေ့ရတော့မယ်လို့ ကြိုုပြီး မှန်းဆကြည့်ရင်း စိတ်လှုပ်ရှားနေရဲ့။ ငွေသွင်းခြင်း ကိစ္စ ပြီးတဲ့အခါ အက္ကပို ကို ထုံးစံအတိုင်း အခန်းတစ်ခန်းထဲ ထည့်ပြီး တံခါးပိတ်လိုက်တယ်။ အခန်းထဲမှာ စောင့်နေတာက ထောင်ထောင်မောင်းမောင်း အရူးတစ်ယောက်။ အရူးကပြောတယ် ။
" ဟေ့ကောင် .. မင်းလွတ်အောင်သာပြေးတော့... မိလို့ကတော့ မင်းကို ကျုံးပြီ " ဆိုပြီး လိုက်တော့တာပဲ။ အဲဒီအပတ်မှာ အက္ကပိုဟာ 40kg ဝိတ်ကျသွားတယ်။
🤣🤣🤣😁😁😇
No comments:
Post a Comment