Popular Posts

Sunday, May 22, 2022

ကြယ်ရောင်လရောင်


ကြယ်ရောင်လရောင်
~~~~~~~~~~~
Credit... #ချိုကိုဘို

ရဲအရာရှိ အက္ကပိုဟာ ကင်းလှည့် တာဝန်ကျနေချိန်မှာ ဌာနက ညွှန်ကြားချက် ဝင်လာတယ်။ သူဌေးတစ်ယောက်ရဲ့အိမ်ကို ဓားပြတွေ ဝင်စီးပြီး ငွေတွေ ယူသွား လူကိုလည်း ရိုက်နှက်သွားလို့ ချက်ချင်း သွားကြည့်ဖို့ ညွှန်ကြားလာတာ ဖြစ်တယ်။ ညွှန်ကြားချက်ပါ လိပ်စာအတိုင်း အက္ကပို ရောက်သွားချိန်မှာ သဌေးကြီးဟာ  ဝတ်ကောင်းစားလှတွေကို ဖိုသီဖတ်သီပုံစံ ဝတ်ထားပြီး တုတ်ကောက်ကြီး တဒေါက်ဒေါက်ထောက်နဲ့ အိမ်ရှေ့ခြံဝင်းထဲ လမ်းလျှောက်နေတာ တွေ့တယ်။ အက္ကပို ကားပေါ်က ဆင်းဆင်းချင်း  သဌေးက ဒေါသတကြီးနဲ့  ပြောလိုက်တယ်။

" နေ့ခင်း ကြောင်တောင်ကြီး ကျုပ်အိပ်ကို ဓားပြတွေ ဝင်မွှေသွားတာ မင်းတို့ ရဲတွေဘာလုပ်နေကြလဲ။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိပဲ ရင်တထိတ်ထိတ်နဲ့ နေရတဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ နာတယ်ကွာ... "
အက္ကပိုက ဖြောင်းဖြတဲ့ အသံနဲ့ ပြောတယ်။
.
" သဌေးကြီး ခင်ဗျား...။ စိတ်ကိုလျှော့ပါ။ ကျွန်တော် မေးခွန်း နည်းနည်းမေးပါရစေ။ ဒါမှ လူဆိုးတွေကို ဖမ်းဆီးရာမှာ အကူအညီရမှာပါ "

" မေးကွာ ...။ ဘာမေးချင်လဲ "

" လူဆိုးတွေ ဝင်လာတဲ့အချိန်က ဘယ်ချိန်လဲ။ ဘယ်လိုပုံစံတွေလဲ။ ဘယ်နှစ်ယောက်လဲ "

"မနက် ၇ နာရီလောက် ဝင်လာတာပဲ။ ငါတောင်အိပ်ရာက မထသေးဘူး ။ စုစုပေါင်း လူဆိုး ၃ ယောက်။ မျက်နှာဖုံးတွေ စွပ်ထားကြလို့ မျက်နှာတွေ မမြင်လိုက်ရဘူး။ အကုန်လုံး အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းတွေချည်း။ ကျုပ်အိမ်မှာ ထားတဲ့ ငွေ ငါးသိန်းလောက်ပါသွားတယ်။ အဆိုးဆုံးက ကျုပ်ခေါင်းကို ဆော်ထည့်လိုက်တာ ကျုပ်လည်း ကြယ်တွေ လတွေ မြင်သွားတာပဲ။ "

ရဲအရာရှိ အက္ကပိုက သဌေးရဲ့ ထွက်ဆိုချက်တွေကို ရေးမှတ်နေရင်းက မေးလိုက်တယ်။

" အဲဒါဆို အဲဒီကြယ်တွေ လတွေရဲ့ အရောင်တွေကိုရော မှတ်မိလား... "

သူဌေးကြီးဟာ ဒေါသငယ်ထိပ်ရောက်သွားပြီး လက်ထဲက ဒုတ်ကောက်ကြီးနဲ့ အက္ကပိုခေါင်းကို သုံးလေးချက် ဆင့်ပြီး ဆော်ထည့်လိုက်ကာ ပြောတယ်။
" ကြယ်ရောင်လရောင်ဆိုတာ ဒီလိုမျိုး အရောင်ဟေ့... ။ အခု လက်တွေ့ သိပြီလား ...ကဲ သိပြီလား.. . ကဲ...  သိပြီလား... "

🤣🤣🤣🤣🤣

No comments:

Post a Comment

သိပ္ပံ

အက္ကပို တစ်ယောက် ဒီနေ့ သိပ္ပံဘာသာရပ်ဖြေနေသည်။  ဒီနှစ်‌တော့ ဘယ်လို ဖြေမယ်မသိ။ မနှစ်က သိပ္ပံဘာသာရပ် စာမေးပွဲ မှာ အက္ကပို ဖြေခဲ့ပုံမှာ ____ ...