မော်ဒန်အတ်
------------- .
အက္ကပိုဟာ မော်ဒန် ပန်းချီပြခန်းတစ်ခုထဲ ရောက်နေတယ်။ သူက ပုံတစ်ပုံ ရှေ့ ရပ်ကြည့်ပြီး မှတ်ချက်ချတယ်။
" ဒီလောက် အကြည့်ရဆိုးပြီး ဘာပုံမှမပေါက်တဲ့ပုံကိုများ မော်ဒန်ပန်းချီတဲ့... အံ့ရော...အံ့ရော..."
သည်အခါ ပြခန်းတာဝန်ခံက ဝင်ပြောတယ်။
" တောင်းပန်တယ် ဆရာ..။ ဆရာကြည့်နေတာ ပန်းချီကားမဟုတ်ပါဘူး။ ကြည့်မှန်ပါ။
🤣🤣🤣😂😂😂
No comments:
Post a Comment