အက္ကပို တစ်ယောက် ဒီနေ့ သိပ္ပံဘာသာရပ်ဖြေနေသည်။ ဒီနှစ်တော့ ဘယ်လို ဖြေမယ်မသိ။ မနှစ်က သိပ္ပံဘာသာရပ် စာမေးပွဲ မှာ အက္ကပို ဖြေခဲ့ပုံမှာ ____
မေးခွန်း ၁
အဘယ်ကြောင့် မြစ်ထဲမှရေကို သန့်စင်ပြီးမှ သုံးစွဲသင့်သနည်း။
အဖြေ
စည်းကမ်း မရှိသော ငါးများသည် ရေထဲတွင် ကျင်ကြီးကျင်ငယ် စွန့်ခြင်း၊ သံဝါသပြုခြင်းများကြောင့် မြစ်ရေ မသန့်ရှင်းမှုဖြစ်ပေါ်စေပါသည်။ ထိုကြောင့်မြစ်ရေကို သန့်စင်ပြီးမှသာ အသုံးပြုသင့်ပါသည်။
မေးခွန်း ၂
မြစ် ချောင်းများအတွင်း ရေထူညစ်ညမ်းမှုကို ရပ်တန့်စေရန်မည်သို့ ဆောင်ရွက်သင့်သနည်း။
အဖြေ
မြစ်ကမ်းပါးတစ်လျောက်တွင် ငါးများအတွက် အများသုံး သန့်စင်ခန်းများ တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်ပေးသင့်ပါသည်။
မေးခွန်း ၃
ကျွန်ုပ်တို့၏ မြစ်များအတွင်း ငါးအလွန်အကျွံဖမ်းဆီးခြင်းကို ရပ်တန့်ရပ် နည်းလမ်း သုံးသွယ်ကို ရှင်းလင်းတင်ပြပါ။
အဖြေ
ကျွန်ုပ်တို့၏ မြစ်များအတွင်း ငါးအလွန်အကျွံဖမ်းဆီးခြင်းကို ရပ်တန့်ရပ် နည်းလမ်း သုံးသွယ်မှာ___
၁. ငါးများကို မိသားစု စီမံကိန်း စနစ် မိတ်ဆက်ပေးရန်
၂. ၎င်းတို့အား တူတူပုန်းတမ်း ကစားနည်း သင်ပေးရန်
၃. ငါးအခွင့်အရေးကော်မရှင်နှင့် ပူးပေါင်းပြီး အစိုရမှ ကူညီပေးရန် စသည်တို့ ဖြစ်ပါသည်။
အဲသလိုနဲ့ အက္ကပိုဟာ ဒီနှစ်လည်း ပြန်ဖြေရတဲ့ဆီ ရောက်သွားခဲ့ုခင်း ဖြစ်ပါတယ်။